ဩဂုတ် ၁၄
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဩဂုတ်လအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေ ၃၃၅၀၀ ကျော်ရှိရာ ရောဂါဖြစ်ပွားမှု မြင့်မားလာသည်။
အဆိုပါရောဂါဖြစ်ပွားမှုကြောင့် ယခုလ ၁၃ ရက်အတွင်း ၁၄၇ ဦး သေဆုံးခဲ့သည်။
ဇူလိုင်လက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၄၃၈၀၀ ကျော်ရှိပြီး ယင်းရောဂါဖြင့် ၂၀၄ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
ထိုရောဂါဖြစ်ပွားမှုသည် လွန်ခဲ့သောနှစ်အလားတူကာလထက် ၂၃ ဆ ပိုမိုများပြားလာသည်။
မြို့တော်ဒါကာရှိ ဆေးရုံတစ်ခုတွင် လူနာကုတင်များအားလုံး သွေးလွန်တုပ်ကွေးလူနာများဖြင့်ပြည့်နေသဖြင့် ကလေးလူနာများသည် ဆေးရုံကြမ်းခင်းပေါ်တွင် လဲလျောင်းနေရပုံကို ဗွီဒီယိုတွင် တွေ့မြင်ရသည်။
ခြင်မှကူးစက်သော သွေးလွန်တုပ်ကွေးရောဂါကြောင့် ကြွက်သားများနှင့်အဆစ်အမြစ်များနာကျင်ခြင်း၊ ပြင်းထန်စွာ ဖျားနာခြင်းနှင့် ခေါင်းကိုက်ခြင်းစသည်တို့ဖြစ်ပေါ်စေသည်။
တာဝန်ရှိသူများက ခြင်မှတစ်ဆင့်ရောဂါကူးစက်မှုကိုရှောင်ရှားရန် အင်္ကျီလက်ရှည်များနှင့် ဘောင်းဘီရှည်များ ဝတ်ဆင်ကြရန် နိုင်ငံသားများအား တိုက်တွန်းပြောကြားထားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


