ဩဂုတ် ၁၀

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် ယမန်နေ့က ၁၂ ဦး သေဆုံးခဲ့ရာ ယခုနှစ်အတွင်း ယင်းရောဂါဖြင့် သေဆုံးသူပေါင်း ၃၅၂ ဦး ရှိလာကြောင်း ကျန်းမာရေးဦးစီးဌာနက ပြောကြားသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၂၈၄၄ ဦး ထပ်မံတွေ့ရှိခဲ့ရာ လွန်ခဲ့သောနေ့က တွေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၂၇၄၂ ဦးထက် ရောဂါဖြစ်ပွားမှုပိုမိုများပြားခဲ့သည်။

အဆိုပါသွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် ယခုနှစ် ဇွန်လက ၃၄ ဦး၊ ဇူလိုင်လက ၂၀၄ ဦးနှင့် ဩဂုတ်လအတွင်း ၁၀၁ ဦးတို့ သေဆုံးခဲ့သည်။

ဇူလိုင်လက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၄၃၈၅၄ ဦးတွေ့ရှိခဲ့ပြီး ဩဂုတ်လပထမကိုးရက်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၂၃၂၃၇ ဦး ထပ်မံတွေ့ရှိခဲ့သည်။

နိုင်ငံတစ်ဝန်းတွင် ယခုနှစ် ဇန်နဝါရီလနောက်ပိုင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း ၇၅၀၆၉ ဦး ရှိလာသည်။

သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုအရေအတွက်မြင့်မားလာမှုကိုဖြေရှင်းရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကျန်းမာရေး အာဏာပိုင်များသည် ခြင်ပေါက်ဖွားမှုနှိမ်နင်းရေးဆိုင်ရာစီမံချက်များကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ကြသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို