ဩဂုတ် ၇

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဩဂုတ်လ ၅ ရက်က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၂၄၉၅ ဦးရှိပြီး ယင်းရောဂါဖြင့် သေဆုံးသူဦးရေ ၁၀ ကျော်ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

ယခုနှစ်ဇန်နဝါရီလနောက်ပိုင်း လက်ရှိအချိန်အထိ ထိုရောဂါဖြစ်ပွားသူပေါင်း ၆၃၉၆၈ ဦးအထိ ရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ကျန်းမာရေးဦးစီးဌာနကဆိုသည်။

အဆိုပါရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံတစ်ဝန်းတွင် သေဆုံးသူပေါင်း ၃၀၃ ဦးရှိသည်။

လွန်ခဲ့သောလက ထိုရောဂါဖြစ်ပွားမှုအမြင့်မားဆုံးဖြစ်ရာ  ဇူလိုင်လအတွင်း ရောဂါဖြစ်ပွားသူ ၄၃၈၅၄ ဦးရှိပြီး သေဆုံးသူ ၂၀၄ ဦးရှိကြောင်း ကျန်းမာရေးဦးစီးဌာနကပြောကြားသည်။

ခြင်ပေါက်ဖွားမှုမြင့်မားသော ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဇွန်လမှစက်တင်ဘာလအတွင်း မုတ်သုံကာလသည် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသောရာသီကာလဖြစ်သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို