ဆော်ပေါ်လို   ဖေဖော်ဝါရီ   ၄

ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုပြည်နယ်၌ ပြီးခဲ့သည့် သီတင်းပတ်ကုန်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှု မှတစ်ဆင့် ဖြစ်ပေါ်သော ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် သေဆုံးသူ ၂၈ ဦးအထိရှိကြောင်း ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့က ဖေဖော်ဝါရီ ၂ ရက်တွင် ပြောကြားသည်။

ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုပြည်နယ်၏ ဖရန်ကိုဒါရိုချာဒေသနှင့် ဂျာအူးဒေသတို့တွင် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပွားပြီးနောက်ပိုင်း အနည်းဆုံး ခုနစ်ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဆော်ပေါ်လို မီးသတ်ဌာနက ပြောကြားသည်။ ဆော်ပေါ်လို ပြည်နယ်၌ ဇန်နဝါရီ ၂၉ ရက်မှစတင်ကာ မိုးသည်း ထန်စွာရွာသွန်းမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် မိသားစု ၆၀၀ ကျော် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။

ဘရာဇီးနိုင်ငံသမ္မတဘိုလ်နာရိုသည် ဖရန်ကို ဒါရိုချာဒေသနှင့် အခြားသော ရေကြီးရေလျှံမှုဒဏ် ခံခဲ့ရသည့် ဒေသများသို့ ဖေဖော်ဝါရီ ၁ ရက်တွင် သွားရောက်ခဲ့ပြီး အကူအညီများပေးအပ်ရန် ကတိကဝတ်ပြုခဲ့ကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်