မတ် ၈

ဘရာဇီးနိုင်ငံတွင် ၂၀၂၃ ခုနှစ် ပထမလအတွင်း နိုင်ငံခြားခရီးသွားဧည့် ၈၆၈၅၈၇ ဦးရောက်ရှိခဲ့ရာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမဖြစ်ပွားမီကာလထက် ခရီးသွားရောက်ရှိမှု ၁၄ ဒသမ ၇ ရာခိုင်နှုန်းပိုမိုများပြားခဲ့သည်ဟု ခရီးသွားလာရေးဝန်ကြီးဌာနက ယမန်နေ့က ပြောကြားသည်။

အဆိုပါခရီးသွားဧည့်များရောက်ရှိမှုသည် ပြီးခဲ့သည့်လေးနှစ်အတွင်း အမြင့်မားဆုံးဖြစ်ကြောင်း ထိုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဇန်နဝါရီလ၏ကိန်းဂဏန်းသည် ၂၀၁၉ နှင့် ၂၀၂၀ ခုနှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ခရီးသွား ၁၀၀၀၀၀ ကျော်ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် သုံးဆနီးပါးရှိသည်ဟု ဖက်ဒရယ်ရဲတပ်ဖွဲ့လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ဖော်ပြထားသည်။

၂၀၂၂ ခုနှစ် ဘော်ဆိုနာရိုအစိုးရလက်ထက်က ဘရာဇီးနိုင်ငံတွင် နိုင်ငံခြားခရီးသွားဧည့် ၂ ဒသမ ၆၉ သန်းရောက်ရှိခဲ့ကြောင်းနှင့်  ၂၀၂၂ ခုနှစ် ခရီးသွားရောက်ရှိမှုသည် ၂၀၁၉ ခုနှစ် ခရီးသွား ၄ ဒသမ ၈၅ သန်းရောက်ရှိမှုနှင့်နှိုင်းယှဉ်လျှင် ၅၅ ရာခိုင်နှုန်းလျော့နည်းခဲ့သည်ဟု သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပြီးနောက် နယ်စပ်ဒေသများဖွင့်လှစ်ခဲ့သော ဘရာဇီးနိုင်ငံသည် ၂၀၂၂ ခုနှစ်က ကမ္ဘာလုံးဆိုင်ရာခရီးသွားလုပ်ငန်းလုပ်ဆောင်မှုအဆိုးရွားဆုံးသောနိုင်ငံများအနက်တစ်နိုင်ငံဖြစ်ခဲ့ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို