၁၃ ဒီဇင်ဘာ
ဗြိိတိန်နိုင်ငံနှင့် ဆက်ဆံရေးအရေးပါမှုကြောင့် ဘရက်ဆစ်၏ လမ်းကြောင်းကို အာရုံစိုက်ရန် လိုအပ်ကြောင်း ဂျပန်စီးပွားရေး ပြန်လည်ထူထောင်ရေးဝန်ကြီး ယာဆူတိုရှီ နီရှီမူရာက မှတ်ချက်ပြုခဲ့သည်။
ဗြိတိန်နိုင်ငံ၏ မဲခွဲဆုံးဖြတ်ရာတွင် အာဏာရကွန်ဆာဗေးတစ်ပါတီက မဲအများစုကို အနိုင်ရရှိခဲ့ခြင်း အပေါ် ယနေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် နီရှီမူရာက ရည်ညွှန်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗြိတိန်တွင် အလုပ်လုပ်ကိုင်နေသည့် ဂျပန်ကုမ္ပဏီ ၁၀၀၀ ခန့်ရှိပြီး ဗြိတိန်ခွဲထွက်မည့်အရေးကို ရှောင်းရှားနိုင်ရန် ဂျပန်နိုင်ငံကို တောင်းဆိုခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဉရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံထွက်ခွာသွားခြင်းနှင့်ပတ်သက်ပြီး တိုးတက်မှုများလည်း ရှိကြောင်း ရွေးကောက်ပွဲရလဒ်များကို ဂျပန်နိုင်ငံမှ ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်


