ဘန်ဒါဆရီဘီဂါဝန် ဩဂုတ် ၁၀
ဘရူနိုင်းနိုင်ငံသည် စားရေရိက္ခာဖူလုံရေး မဟာဗျူဟာတစ်စိတ်တစ်ပိုင်းအနေဖြင့် ဆန်ကို ၁၀၀ ရာခိုင်နှုန်း ဖူလုံအောင်ထုတ်လုပ်ရန် အရှိန်မြှင့် ကြိုးပမ်းလုပ်ဆောင်နေကြောင်း အစိုးရဝန်ကြီးတစ်ဦးက ဩဂုတ် ၉ ရက်တွင် ပြောသည်။
ဘရူနိုင်းနိုင်ငံသည် တစ်ရာသီအတွင်း တစ်ဟက်တာလျှင် အထွက်နှုန်း မက်ထရစ်ငါးတန်မှ ခုနစ်တန် အထိရှိနိုင်သည့် စပါးမျိုးစိတ်သစ်တစ်မျိုးကို မိတ်ဆက်ပေးခဲ့ကြောင်း ဥပဒေပြုလွှတ်တော် ၌ သယံဇာတနှင့် ခရီးသွားလုပ်ငန်းဝန်ကြီး ဟာဂျီအဗ္ဗဒူလ်မာနက် မေတူစင်က ပြောသည်။
ဆောင်ရွက်မည့်လုပ်ငန်းစဉ်များတွင် မြေဆီလွှာကို သဘာဝမြေဩဇာများအသုံးပြုပြီး ပိုမို ကောင်းမွန် အောင်လုပ်ဆောင်ခြင်း၊ ရေသွင်းရေထုတ်စနစ်များကို ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ခြင်း၊ ရိတ်သိမ်းပြီးချိန်တွင် လုပ်ဆောင်ရမည့် နည်းစနစ်များကို အဆင့်မြှင့်တင်ခြင်းနှင့် တောင်သူလယ်သမားများကို ခေတ်မီစက်ကိရိယာများ ပံ့ပိုးပေးခြင်းတို့ပါဝင်ကြောင်း သိရသည်။ ထို့အပြင် ဝန်ကြီးဌာနအနေဖြင့်လည်း ဆန်စပါးစိုက်ပျိုးရေးကျောင်း အစီအစဉ်မှတစ်ဆင့် တောင်သူလယ်သမားများ၏ ကျွမ်းကျင်စွာလုပ်ဆောင်နိုင်မှုကို အားဖြည့်ပေးလျက်ရှိကြောင်း သိရသည်။
ဆင်ဟွာ


