မောင်တော ၃ မတ် 

 

ရခိုင်ပြည်နယ် မောင်တောခရိုင် ဘူးသီးတောင်မြို့နယ် ကွမ်ခိုင်ကျေးရွာအုပ်စု မောင်နှမကျေးရွာ၌ ယမန်နေ့ညနေပိုင်းက မီးလောင်ကာ အိမ်ခြေ ၂၅ လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်း သိရသည်။ 

 

ဖြစ်စဉ်မှာ မောင်နှမကျေးရွာမှ တစ်ဖက်နိုင်ငံသို့ နေရပ်စွန့်ခွာသွားသူ ဦးရူနာ မမျှာ၏ နေအိမ် (၁၈_၁၂_၇)ပေ ဓနိမိုး၊ ဝါးထရံကာ၊ မြေစိုက်နေအိမ်အား မသမာသူ တစ်ဦးက မီးရှို့ခဲ့ရာမှတစ်ဆင့် ဘေးကပ်လျက် နေအိမ်များအပါအဝင် နေအိမ် ၂၅ လုံး မီးလောင်ခဲ့ကြောင်း၊ ညနေ ၃ နာရီ ၁၀ မိနစ်ခန့်တွင် မီးစတင် လောင်ပြီး ညနေ ၄ နာရီ မိနစ် ၄၀ ခန့်တွင် မီးငြိမ်းသွားကြောင်း၊ မီးရှို့သူအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သက်လွင်စိုး(ပြန်/ဆက်)