ဟနွိုင်း ဇူလိုင် ၂၃

ယခုနှစ်အတွင်း ခြောက်ကြိမ်မြောက် တိုင်ဖွန်းမုန်တိုင်းဖြစ်သည့် ဝီဖာမုန်တိုင်းကြောင့် ဗီယက်နမ် နိုင်ငံအလယ်ပိုင်း၌  ဆိုးရွားသည့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး တောင်တန်းဒေသများတွင် ရုတ်တရက်ရေကြီးမှုနှင့် မြေပြိုမှုအန္တရာယ်မြင့်မားကြောင်း ဒေသတွင်း သတင်းစာ  နန်ဒန်၌   ဇူလိုင်   ၂၃ ရက်က ဖော်ပြထားသည်။ နဂီအန်ပြည်နယ်တွင် ရေကြီးမှုကြောင့်  တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။  အဆိုပါဒေသ၏ လူနေရပ်ကွက်အချို့တွင် ရေအနက်  တစ်မီတာမှ  နှစ်မီတာ အထိ  ရှိခဲ့ကြောင်း  အစီရင်ခံစာတွင် ဖော်ပြထားသည်။  

မြေပြိုမှုများဖြစ်ပေါ်

ဝီဖာမုန်တိုင်းအရှိန်ကြောင့် သန်ဟိုဟာပြည်နယ်ရှိ နေရာ ရှစ်နေရာတွင် မြေပြိုမှုများဖြစ်ပေါ်ခဲ့သည်။ မုန်တိုင်းကြောင့် နေအိမ် ခုနစ်လုံး အမိုးလန်ကာ စပါးစိုက်ခင်း  ၈၀၀၀ ဟတ်တာကျော် ရေမြုပ်သွား ခဲ့ရသည်။ ထို့ပြင် ပြည်နယ်တစ်ဝန်း စိုက်ပျိုးရေးလုပ်ငန်းများတွင် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ် ခဲ့သည်။

မုန်တိုင်းငယ်အဖြစ်သို့အားပျော့

အဆိုပါမုန်တိုင်းသည် အပူပိုင်းမုန်တိုင်းငယ်အဖြစ်သို့ အားပျော့သွားပြီး ဇူလိုင် ၂၃ ရက်အစောပိုင်း တွင်  အနောက်တောင်ဘက်သို့ ရွေ့လျားသွားပြီဖြစ်ကြောင်း သိရသည်။

ဆင်ဟွာ