ဟနွိုင်း  ဇူလိုင်  ၂၀

ဗီယက်နမ်နိုင်ငံမြောက်ပိုင်း   ကွမ်နင်ပြည်နယ်   ဟာလောင်းပင်လယ်အော်တွင်    အပျော်စီးသင်္ဘော    တိမ်းမှောက်မှုကြောင့်  ၃၅   ဦး    သေဆုံးပြီး    လေးဦး ပျောက်ဆုံးနေကြောင်း    ဒေသဆိုင်ရာ အာဏာပိုင်များက ဇူလိုင် ၂၀ ရက်တွင် ပြောသည်။

ဇူလိုင်  ၂၀  ရက်က   ပြုလုပ်သည့်  သတင်းစာရှင်းလင်းပွဲတွင် ကွမ်နင်ပြည်နယ်  ပြည်သူ့ကော်မတီ ၏  နောက်ဆုံးထုတ်ပြန်ချက်များအရ  ၁၀ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း၊ သေဆုံးသူစာရင်းကို ယခင်က  ၃၇  ဦးဟု ဖော်ပြခဲ့ပြီး  နောက်ပိုင်းတွင် ၃၅    ဦးဟု   ပြန်လည်ပြင်ဆင်ခဲ့ကြောင်း သိရသည်။

ဗီယက်နမ် သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ အဆိုပါ သင်္ဘောပေါ်တွင် ခရီးသည် ၄၆ ဦးကို   တင်ဆောင်လာပြီး  သင်္ဘောအမှုထမ်း  သုံးဦးပါဝင်သည်ဟု  သိရသည်။

၎င်းတို့အားလုံးမှာ ဗီယက်နမ်နိုင်ငံသားများဖြစ်ကြောင်း၊ အဆိုပါ သင်္ဘောသည် ပတ်ဝန်းကျင်ရှုခင်းများကို    လှည့်ပတ်ကြည့်ရှုနေစဉ် ဇူလိုင် ၁၉ ရက်က တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လေးဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည့်အတွက် ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

ဆင်ဟွာ