ဩဂုတ် ၄
ဗီယက်နမ်နိုင်ငံမြောက်ပိုင်း ဒီးန်ဘီးန်နှင့် ဆွန်လာပြည်နယ်တို့တွင် ဇူလိုင် ၃၁ ရက်မှ ဩဂုတ် ၁ ရက်အထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှု၊ မြေပြိုမှုများဖြစ်ပွားခဲ့ရာ ၁၀ ဦး သေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဗီယက်နမ်သဘာဝဘေးအန္တရာယ်နှင့် စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့က ယမန်နေ့က ဖော်ပြထားသည်။
အဆိုပါဒီးန်ဘီးန်ပြည်နယ်တွင် နှစ်ဦးပျောက်ဆုံးနေပြီး ၁၀ ဦး သေဆုံးကြောင်းအတည်ပြုထားပြီး နေအိမ် ၉၇ လုံး ရေစီးနှင့်မျောပါသွားကြောင်းနှင့် အခြား ၁၉၆ လုံးသည် မြေပြိုမှုကြောင့် နစ်မြုပ်သွားကြောင်း သိရသည်။
ဆွန်လာပြည်နယ်တွင် လေးဦးထိခိုက်ဒဏ်ရာရရှိပြီး ၁၇ လုံးပျက်စီး သို့မဟုတ် ရေစီးနှင့်မျောပါသွားသည်။ ခရိုင်နှစ်ခုရှိကျေးရွာ ၁၂ ရွာတွင် လမ်းများပြိုကျပြီး တံတားများပျက်စီးခဲ့သည်။
အာဏာပိုင်များက ထိခိုက်ဒဏ်ရာရရှိသူများကိုရှာဖွေရန် ကယ်ဆယ်ရေးအဖွဲ့များဖြန့်ချထားပြီး ပစ္စည်းများနှင့်လူများကိုဘေးလွတ်ရာသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


