ဇူလိုင် ၃၁
ဗီယက်နမ်နိုင်ငံတောင်ပိုင်း ကာမူလ်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေဆင်နှာမောင်း ရုတ်တရက်တိုက်ခတ်မှုကြောင့် နေအိမ်အများအပြားပြိုကျပျက်စီးခဲ့ကြောင်း ဒေသတွင်းမီဒီယာ ဗွီအင်န်အိတ်ချ်ပရတ်စ်က ယမန်နေ့ကဖော်ပြထားသည်။
အဆိုပါလေဆင်နှာမောင်းတိုက်ခတ်မှုသည် ယမန်နေ့မနက် ဒေသစံတော်ချိန် ၇ နာရီ ၃၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ်အလုံး ၂၀ ပျက်စီးခဲ့ရာ နေအိမ်သုံးလုံးသည် လုံးဝပျက်စီးသွားခြင်းဖြစ်ပြီး အခြား ၁၇လုံးသည် နေအိမ်အမိုးများ ပြိုကျခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
နိုင်ငံတောင်ပိုင်းပြည်နယ်အသီးသီးတွင် မကြာသေးမီက ရာသီဉတုဆိုးရွားမှုများသည် အကြိမ်ရေများပြားပြီး ပြင်းထန်လာသည်ဟု ထပ်လောင်းဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


