၁၀ မတ်
တရုတ်နိုင်ငံက ကိုဗစ်-19 ဗိုင်းရပ်စ်ပိုး ကူးစက်ခံလူနာတွေကို ကုသပေးရန် ယာယီဆေးရုံတွေ ဖွင့်လှစ်ပြီး ကုသပေးခဲ့ပါတယ်။ လက်တလောမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ လူနာအရေအတွက် လျှော့နည်း သွားတဲ့အတွက် ယာယီဆေးရုံတွေကို စတင်ပိတ်သိမ်းနေတာ ဖြစ်ပါတယ်။
ဝူဟန်မြို့မှ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၃၁,၀၀၀ ဦး ပြန်လည် ကောင်းမွန်တဲ့အတွက် ဆေးရုံကနေ ဆင်းခွင့်ပြုလိုက်ကြောင်း၊ ဝူဟန်မြို့က အားကစားကွင်းတွေ၊ စာသင်ခန်းတွေကို ယာယီဆေးရုံများအဖြစ် ပြောင်းလဲထားတဲ့ ၁၆ ခု ထဲက ၁၁ ခု ကို ပြီးခဲ့တဲ့ တနင်္ဂနွေ ပိတ်သိမ်းခဲ့ပါတယ်။
အားကစားခန်းမနဲ့ စက်ရုံတစ်ရုံကိုလည်း ယာယီဆေးရုံအဖြစ်ပြောင်းလဲခဲ့ပေမယ့် လူနာ ၂၀၀၀ ဦး တစ်ပြိုင်နက် ကုသပေးနိုင်တဲ့အတွက်လည်း အဲဒီယာယီဆေးရုံ ၂ ခုကို ပိတ်ခဲ့ကြောင်း သိရပါတယ်။
အမျိုးသားကျန်းမာရေးကော်မရှင်ရဲ့ မတ် ၁၀ ရက်နေ့တွင် ထုတ်ပြန်ချက်အရ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၁၉ ဦးနဲ့ သေဆုံးသူ ၁၇ ဦးရှိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
MDN
ကိုးကား - AFP


