ကြာအင်းဆိပ်ကြီး ၆ မတ် 


ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကြီး၊ လူရွယ်၊ လူငယ်နှင့် ကလေးများပါ စာအုပ်၊ စာပေ၊ စာစောင်များနှင့် ရင်းနှီးလာစေရေး၊ စာပေဖတ်ရှုလေ့လာတတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရေးနှင့် စာဖတ်ရှိန်မြင့်မားလာစေရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန Community Centre ၌ဆွေးနွေးခဲ့သည်။


အဆိုပါ စာဖတ်ဝိုင်းများ စဉ်ဆက်မပြတ် ပြုလုပ်နိုင်ရေးအတွက် မြို့နယ်ဦးစီးမှူး ဒေါ်နှင်းကြည်က စာပေဝါသနာရှင်များ၊ စာပေချစ်မြတ်နိုးသူများနှင့် ဖတ်ခေါ်တွေ့ဆုံကာ အပတ်စဉ်၊ လစဉ် စာဖတ်ဝိုင်းများ ပြုလုပ်နိုင်ရန်အတွက် ဆွေးနွေးတိုင်ပင်ခဲ့ပြီး စာပေ ဝါသနာရှင်များမှ စာဖတ်ဝိုင်းများ စဉ်ဆက်မပြတ် ပြုလုပ်သွားနိုင်ရေးအတွက် အကြံပြု ဆွေးနွေးခဲ့ကြောင်း သိရသည်။


မျိုးမင်းဦး (ပြန်/ဆက်)