ဝါးခယ်မ ၁၈  မတ် 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Book Club အဖွဲ့ဝင်များနှင့် စာပေချစ်သူများပူးပေါင်း၍  ယနေ့နံနက် ၁၀ နာရီက  လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပခဲ့သည်။

ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ရီရီလွင်က စာဖတ်ဝိုင်းကို အသိပညာ ဗဟုသုတ ပြည့်ဝစေရေး၊ စာပေဖတ်ရှုခြင်းအားဖြင့် အတွေးအခေါ် ဗဟုသုတနှင့် အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်ရေး စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆွေးနွေးပွဲတွင် စာရေးဆရာဖေမြင့် ရေးသားသော စဉ်းစားခြင်း စာအုပ်မှ အကျပ်အတည်းကြားမှာ စဉ်းစားကြံဆ တတ်သူများ၊ ဖောက်ထွက်အတွေးတို့၏ သဘော၊ စဉ်းစားစရာ ပြဿနာများ၊ စဉ်းစားကြသည့်အခါ စဉ်းစားစရာ၊ စဉ်းစားခြင်းဆိုင်ရာ နည်းနာများ စသည့် ခေါင်းစဉ်များဖြင့် မြို့နယ် စာရေးဆရာ တင်မောင်မောင် ပေါက်ကုန်းက ဦးဆောင်ကာ ဆွေးနွေးပြီး တက်ရောက်လာသော Book Club အဖွဲ့ဝင်များ၊ စာပေချစ်မြတ်နိုးသူများက မိမိတို့၏ အတွေးအမြင်များကို အသီးသီး အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

လွှမ်းသီဟ (ပြန်/ဆက်)