စစ်ကိုင်း ၃၀ ဧပြီ
စစ်ကိုင်းမြို့တွင် မိုးခေါင်မှုဖြစ်ပေါ်နေသဖြင့် မိုးရွာသွန်းစေရန် လွန်ဆွဲပွဲကို ဧပြီ ၂၉ ရက် ညနေပိုင်းက တကောင်းရပ်ကွက်၌ ပြုလုပ်ခဲ့သည်။
အဆိုပါ လွန်ဆွဲပွဲကို တကောင်းရပ်ကွက် နယ်မြေ(၂)၊ နယ်မြေ (၄)ရပ်ကွက်တို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဆရာတော် သံဃာတော်များက ပရိတ်တရားများ ရွတ်ဖတ်ပူဇော်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း တကောင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဟန်ရှိန်က ပြောသည်။
“ကျွန်တော်တို့ ငယ်စဉ်ကတည်းက ကျင်းပလာတာပါ၊ နှစ်စဉ်တော့ မဟုတ်ပေမယ့် အခုလိုမျိုး မိုးခေါင်နေရင် လွန်ဆွဲပွဲကို ကျင်းပတယ်၊ လွန်ဆွဲပွဲကျင်းပပြီးတိုင်း မိုးက အမြဲရွာသွန်းလေ့ ရှိပါတယ်”ဟု ၎င်းကပြောသည်။
မိုးရွာသွန်းစေရန်အတွက် ကျင်းပပြုလုပ်သည့် လွန်ဆွဲပွဲကို ဧပြီ ၂၉ ရက်မှစတင်၍ သုံးရက်တိုင် ကျင်းပသွားမည်ဖြစ်ပြီး လွန်ဆွဲပွဲတွင် အမျိုးသမီးတစ်ဖက်၊ အမျိုးသားတစ်ဖက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ကိုမင်း(အင်းတော်)


