ပုလဲ ၈ မေ 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း တရားမဝင်သစ်များ ခုတ်လှဲခြင်း သယ်ဆောင်ခြင်း လုပ်ငန်းများကို တားဆီးကာကွယ် ဖော်ထုတ်ဖမ်းဆီးရမိစေရေးအတွက် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိရာ မေ ၇ ရက်က သစ်ခွဲစက်နှင့် တရားမဝင်သစ်မျိုးစုံ ၈ တန်ကျော်ကို ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

 

1


ဖြစ်စဉ်မှာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ဌေးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ  ဦးနိုင်လင်းနှင့် ဝန်ထမ်းများ၊ ခရိုင်စစ်ကြောင်းအဖွဲ့မှ တောအုပ်လှထူးနှင့် ဝန်ထမ်းများ၊ ဝမ်းဘဲချိုင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၇ ရက် မွန်းတည့် ၁၂ နာရီက ပုလဲမြို့နယ် ဝမ်းဘဲချိုင့် ကျေးရွာအုပ်စု ပိတောက်ကုန်းကျေးရွာ၏ အရှေ့ဘက် ဦးသန်းရှိန်ပိုင်သည့် ခြံဝန်းသို့ သတင်းအရ ဝင်ရောက်ရှာဖွေရာ ကျွန်းခွဲသား ၂၈ ချောင်း ( ၁ ဒသမ ၇၃၅၄ ) တန်၊ ပျဉ်ကတိုးခွဲသား ၃ ချောင်း ( သုညဒသမ ၅၈၈၄ ) တန်၊ ပျဉ်ကတိုးသစ် ၂ လုံး ( သုညဒသမ ၄၃ ) တန်၊ အင်သစ် ၂၆ လုံး ( ၅ ဒသမ ၆၇၈ ) တန် အပါအဝင် သစ်ခွဲစက်နှင့်ဆက်စပ်ပစ္စည်းများ လွှဆာမှုန့်တစ်တင်းခွဲအိတ် ၃ အိတ်တို့အား ဖမ်းဆီးရရှိခဲ့သည်။

 

1


အဆိုပါ ဖမ်းဆီးရရှိခဲ့သည့် တရားမဝင်သစ်များနှင့် သစ်ခွဲစက်နှင့် ဆက်စပ်ပစ္စည်းများအား ပုလဲမြို့နယ် လယ်ဓမ္မဘိနယ် သစ်တောစခန်းသို့ သယ်ဆောင်၍ ထိန်းသိမ်းထားရှိပြီး ပိုင်ရှင်ဦးသန်းရှိန်ကို ပုလဲမြို့မ ရဲစခန်းတွင် ခရိုင်စစ်ကြောင်းအဖွဲ့မှ တောအုပ်လှထူးက တရားလိုပြုလုပ်၍ သစ်တောဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စီမံခန့်ခွဲမှု ကော်မတီရုံးမှ သိရှိရသည်။


မြို့နယ် ပြန်/ဆက်