စစ်တွေ ၂၅ ဧပြီ
ရခိုင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးအောင်မျိုးလွင်၊ ဦးစီးသော တာဝန်ရှိသူများနှင့် နွေရာသီသောက်သုံးရေပြတ်လပ်မှု မရှိစေရေးအတွက် ရေအခက်အခဲရှိသည့် နေရာများသို့ သောက်သုံးရေးများ သွားရောက်လှူဒါန်းပေးလျက်ရှိကြောင်း စစ်တွေမြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမောင်တင်အောင်က ပြောကြားသည်။
ထို့သို့သွားရောက် လှူဒါန်းရာတွင် ယနေ့ နံနက် ၁၀ နာရီက ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ရွှေ့လျားရေသန့်စင်ယာဉ် တစ်စီးဖြင့် စစ်တွေမြို့နယ် ကံပြင်ရွာသစ်ကျေးရွာရှိ အိမ်ထောင်စု ၈၇ စု၊ လူဦးရေ ၄၃၀ ခန့်အား သောက်သုံးရေ ဂါလန် ၂၀ဝ၀ အားသွားရောက် လှူဒါန်း ပေးကြကြောင်းသိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)


