သောကြာ၊ ဖေဖော်ဝါရီ ၁၅၊ ၂၀၁၉အကျပ်အတည်းများကြားမှာ နှစ်ပရ္ဆေိဒကြာအောင် ဖြတ်သန်းခဲ့ရ သည့် မြန်မာနိုင်ငံသည် ဖြေရှင်းစရာများစွာ၊ စိန်ခေါ်မှုများစွာကို မျက်နှာမူ ရင်ဆိုင်ထားရသည်။ ပြဿနာပေါင်းစုံကို ဖြေရှင်းရန်အလို့ငှာ ရည်မှန်း ချက်များစွာကိုလည်း ပြင်ဆင်ထားရသည်။
ပြည်သူတို့ လုံခြုံအေးချမ်းစွာနှင့် စားဝတ်နေမှု အစုစု ပြေလည် သော နေ့စဉ်ဘဝများရရှိနိုင်ရေး၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အမြစ်တွယ် ခိုင်မာရေး၊ ပဋိပက္ခများ စစ်ပွဲများရပ်စဲပြီး ပြည်တွင်း ငြိမ်းချမ်းရေး အခြေတကျ ထူထောင်နိုင်ရေး၊ ကျေးလက်မြို့ ပြ၊ တောင်ပေါ် မြေပြန့်၊ လူမျိုးဘာသာမခွဲခြားဘဲ တန်းတူညီမျှ ဖွံ့ ဖြိုးတိုးတက်ရေး၊ ပြည်သူ့ပညာရေးစနစ်၊ ပြည်သူ့ကျန်းမာရေးစနစ်များ ကောင်းမွန် အာမခံ မှုရှိရေး စသည် စသည်. . .။
မည်သို့သော အရေးအရာမျိုးဖြစ်စေ ြွေကးကြော်သံများ ထုတ် နုတ်နေရုံမျှဖြင့် ဘာမျှဖြစ်မလာနိုင်သည်ကို ဖြတ်သန်းခဲ့သော နှစ်ပေါင်း များစွာအတွင်း နာကျင်မှုများစွာဖြင့်ရင်းကာ သိရှိခဲ့ကြပြီးဖြစ်၏။
သီလ၊ သမာဓိ၊ ပညာ၊ ကျင့်စဉ်တို့ကို လက်တွေ့မစောင့်ထိန်း မကျင့်ကြံ ဘဲ မြတ်စွာဘုရားကို သဒ ̈ါကြည်ညိုလေးမြတ်နေရုံ သက်သက်မျှနှင့် သံသရာမှ လွတ်မြောက်ဖို့က ဝေးပါမည်။ ဗိုလ်ချုပ်အောင်ဆန်း၏ စိတ် ဓာတ်၊ ကိုယ်ကျင့်တရား၊ လမ်းစဉ်တို့ကို မလိုက်နာဘဲ သူ့ကို အလေးပြု နေရုံသက်သက်မျှနှင့် နိုင်ငံတိုးတက်ရေး ဖြစ်မလာနိုင်။ သင့်မြတ်ကြစို့၊ ချစ်ခင် ကြင်နာကြစို့ဟု တဖွဖွရွတ်ဆိုနေရုံ သက်သက်မျှဖြင့် သင့်မြတ် ချစ်ကြည် ငြိမ်းချမ်းရေး မပေါ်ပေါက်နိုင်။
ငြိမ်းချမ်းရေး၊ ချစ်ကြည်ရင်းနှီးရေး ဟူသည်မှာ အစိုးရနှင့်အဖွဲ့ အစည်းတစ်ခုကြား တည်ဆောက်နေသည့် လုပ်ငန်းစဉ်တစ်ခု သက်သက် မဟုတ်။ မြန်မာတစ်နိုင်ငံလုံးနှင့် သက်ဆိုင်ပတ်သက်နေသော အင်အားစု များအားလုံး အမှန်တကယ် သင့်မြတ်ချစ်ကြည်လိုစိတ်ဖြင့် အားထုတ် ကြိုးပမ်းကြမှသာ ဖြစ်နိုင်ပါမည်။
ညီညွတ်ရေး၊ ငြိမ်းချမ်းရေးဟူသည် အင်အားကြီးမားသူများက ပိုမို သဘောထားကြီးမြင့် စိတ်ထားမှန်ကန်ကြဖို့လိုသကဲ့သို့ ကျန်သူတို့ ကလည်း အယူအစွဲကင်းကင်းဖြင့် ညီညွတ်ရေးသဘောဆောင်ကြဖို့ လိုပါမည်။
ရန်သူလို သဘောမထားကြရေး၊ သင့်မြတ်လိုစိတ်ပြင်းပြရေး၊ မဟာမိတ်များအဖြစ် တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုတည်ဆောက်နိုင်ရေး၊ ဘုံရည်မှန်းချက်များကို ကြိုးစားရှာဖွေပြီး အတူတကွ အကောင်အထည် ဖော်နိုင်ရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေနိုင်ရေး၊ ချစ်ခင်ပေါင်းစည်းရန် နားလည်မှုရှာရင်း ခွင့်လွှတ်မေတ္တာထားရန် ကြိုးစားနိုင်ကြရေး စသည်ဖြင့် အဆင့်ဆင့် တည်ဆောက်ကြရမည် ဖြစ်ပါသည်။ အဆင့်တိုင်းက အရေးကြီးသည်ဖြစ်ပြီး မည်သည်က ပိုကာ မည်သည်ကလျော့သည်ဟု မရှိ။ ရနိုင်သမျှ၊ ဖြစ်နိုင်သမျှသော အဆင့်တိုင်းကို ကျော်လွန်နိုင်အောင် အားထုတ်ဖော်ဆောင်ကြရမည်ဟု ထင်မြင်ပါသည်။
နိုင်ငံက ခေတ်အဆက်ဆက် စီမံခန့်ခွဲမှု အမှားအယွင်းအမျိုးမျိုးကို ဖြတ်သန်းလာခဲ့ရပြီး ထိုခေတ်ပျက်တို့၏ အမွေဆိုးများဖြစ်သည့် လုပ်ထုံး လုပ်နည်းဟောင်း၊ အကျင့်ဟောင်း၊ အယူအတွေးဟောင်းများကြားမှာ နိုင်ငံပြန်လည်ထူထောင်နေရခြင်းဖြစ်သည့်အပြင် ထိုအဟောင်းများကို ချက်ချင်းလက်ငင်း ပြောင်းလဲပစ်၍ မရသည်များကြောင့် ငြိမ်းချမ်းရေး ခရီးနှောင့်နှေးရသည်များလည်း ရှိနိုင်သည်ဆိုခြင်းကို သတိပြုမိပါသည်။
ထို့ပြင် အာဃာတများဖြင့် ငြိမ်းချမ်းရေးကို တည်ဆောက်လို့မရ။ ကိုယ်ကျိုးစီးပွား အမြတ်ထုတ်ရန် နည်းလမ်းရှာနေခြင်းဖြင့် ချစ်ကြည်ရေး ကို တည်ဆောက်လို့မရ။ ကိုယ့်အင်အားစုကြီးထွားရေးကို ရှေ့တန်းတင်နေ သရွေ့ သင့်မြတ်ရေးလမ်းစမပေါ်နိုင်ဆိုသည်ကိုလည်း အလေးအနက်ထား ရှုမြင်ရန်လိုပါမည်။
မည်သို့ပင်ဖြစ်စေ၊ ငြိမ်းချမ်းရေး၊ ညီညွတ်ရေးသည် နိုင်ငံသူ နိုင်ငံသား အားလုံးအတွက် အေးချမ်းလုံခြုံ သာယာစေမည့် တံခါးပေါက်ကြီးတစ်ခု ဖြစ်သည်ကားအမှန်။ ဤသစ္စာတရားကို မမှိတ်မသုန် အာရုံစိုက်ကြခြင်း၊ ကြိုးစားအားထုတ်ကြခြင်းဖြင့် မဝေးတော့သည့် တစ်ချိန်တွင် မုချ အောင်မြင်ရမည်ဟု ယုံကြည်ထားပါ၏။
နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသားအင်အားစုများ၏ ပင်ကို စိတ်စေတနာ မေတ္တာအရင်းခံဖြင့် မိမိတို့ ပြည်သူများ၏ အကျိုးကို အမှန် တကယ်လိုလားကြသည်ဆိုလျှင် ညီညွတ်ရေး၊ ငြိမ်းချမ်းရေးဟူသည် မဖြစ်နိုင်စရာ မရှိဟုလည်း ယုံကြည်ထားပါကြောင်း။ မြန်မာ့အလင်း


