နေပြည်တော်  ၃   မတ် 

 

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဆွာချောင်းရေလှောင်တမံကျိုးပေါက်ခဲ့မှုကြောင့် နေအိမ်များမျောပါ ပျက်စီးခဲ့သည့် မိသားစုဝင်များကို အိမ်များဆောက်လုပ်နေရာချထားခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ မသန်စွမ်းသူများ၊ မိခင်ဝိုင်းများ၊ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများနှင့် အဝေးသင် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ များအား ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဆွာချောင်းရေ လှောင်တမံ ဘဲနှုတ်သီးကျိုးပျက်မှုကြောင့် ရုတ်တရက် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး နေအိမ် များ မျောပါပျက်စီးခဲ့ပြီး ယခုအခါ မိသားစုဝင်အချို့ ပြန်လည်အခြေချနိုင်အောင် နိုင်ငံတော် အစိုးရ၏ ပံ့ပိုးမှု၊ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်၏ ပူးပေါင်း ကူညီမှုဖြင့် နေအိမ်များ ဆောက်လုပ်ပြီးစီး၍ မိသားစုများနေထိုင်လျက်ရှိသည်ကို တွေ့မြင်ရသ ဖြင့် ဝမ်းသာပါကြောင်း၊ အစိုးရ၏ တာဝန်ခံ၊ တာဝန်ယူမှု  ပြည်သူတို့၏ အပြန်အလှန် ယုံကြည်ပူးပေါင်းဆောင်ရွက်မှု၏ စံနမူနာပြတစ်ခု ပေါ်ထွန်းလာခြင်းဖြစ်ကြောင်း၊ ရုတ်တရက် ရေကြီးရေလျှံမှု စတင်ဖြစ်ပွားစဉ် အစိုးရအနေဖြင့် အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ခဲ့ပြီး ပြန်လည်ထူထောင်ရေးကိုလည်း အချိန်မဆိုင်းဘဲ ဒေသခံပြည်သူများနှင့် လိုအပ်ချက်များကို စိစစ်ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေတို့ကို မတည်ပြီး ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ပြန်လည် ထူထောင်ရေးတွင် ပြည်သူများအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းဆိုင်ရာ ပံ့ပိုးမှုများ၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ပံ့ပိုးမှုလိုအပ်ချက်များကို တစ်ပြိုင်တည်း ဖြည့်ဆည်း ပေးလျက်ရှိကြောင်း၊ ယနေ့အခမ်းအနားတွင်  ဝန်ကြီးဌာနအနေဖြင့် လူမှုကာကွယ်စောင့် ရှောက်ရေးလုပ်ငန်းများဖြစ်သော မိခင်ဝိုင်းများ၊ ကျောင်းနေအရွယ် ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ခြင်းနှင့် မသန်စွမ်းသူထောက်ပံ့ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြောကြားသည်။

 

ထို့နောက် မသန်စွမ်း(၂၁)ဦးအတွက် ထောက်ပံ့ငွေကျပ် ၆၃၀ဝ၀ဝ ၊ မိခင်ဝိုင်း(၅)ဝိုင်း ဖွင့်လှစ်ရန်အတွက် ထောက်ပံ့ငွေကျပ် ၂၅၈၅၀ဝ၀ ၊ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်း သား၊ ကျောင်းသူများနှင့် အဝေးသင်တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၂၂)ဦးအတွက် ထောက်ပံ့ငွေကျပ် ၆၆၀ဝ၀ဝ တို့ကို တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်သည်။ 

 

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသော ကလေးငယ်များအတွက် ကစားစရာအရုပ်များနှင့် အာဟာရမုန့်များဝေငှခြင်း၊ ငယ်စဉ်ဘဝမှ အမှိုက်များကို အမှိုက်ပုံး အတွင်းသို့ စနစ်တကျ စွန့်ပစ်တတ်စေရန် လက်တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ ဦးကြည်ဇင်က ထောက်ပံ့မှုများအတွက် ကျေးဇူးတင် စကား ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံတော်အစိုးရ၏ ဦးဆောင်ထောက်ပံ့မှု၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်က ပူးပေါင်းလှူဒါန်းဆောက် လုပ်သည့် အိမ်ခြေ ၁၆၂ လုံး အနက် ၁၂၆ လုံး ဆောက်လုပ်ပြီးစီးမှု၊ ကျွန်းတောစု ကျေးရွာတွင် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်က ဆောက် လုပ်လျက်ရှိသည့် နေအိမ်များနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆောက်လုပ်လှူဒါန်းသည့် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကို ကြည့်ရှုလေ့လာပြီး မိုးရာသီအမီ ဆောင်ရွက်ရမည့် လုပ်ငန်းလိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေးသည်။

 

(သတင်းစဉ်)