ဆော ၁၈ မတ်
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဆောမြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ဦးစီး ဖွင့်လှစ်သော နွေရာသီ(Summer School)သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ဆောမြို့ အမှတ်(၁) အခြေခံပညာ မူလတန်းလွန်ကျောင်းခန်းမ၌ ကျင်းပရာ မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်လှလှခက်က အမှာစကား ပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုရီက သင်တန်းဖွင့်လှစ်ရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
သင်တန်း ဖွင့်လှစ်ခြင်းနှင့် စပ်လျဉ်း၍ "နွေရာသီ ကျောင်းပိတ်မှာ ကလေးငယ်များအား ကျောင်းပညာ သာမက အသိပညာ ဗဟုသုတ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ဘာသာရေး၊ ယဉ်ကျေးလိမ္မာ၊ ဂီတ၊ အက၊ ပန်းချီ၊ အိမ်တွင်းမှု၊ ကျန်းမာရေး၊ အင်္ဂလိပ်စကားပြော ဘာသာရပ်များကို သင်ကြားပို့ချသွားမှာ ဖြစ်ပါတယ်" ဟု မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဌ ဒေါ်လှလှခက်က ပြောသည်။
အဆိုပါ သင်တန်းသို့ သင်တန်းသား သင်တန်းသူ (၅၅)ဦး တို့ တက်ရောက်ကြပြီး သင်တန်းကာလမှ မတ် ၁၈ ရက်မှ ဧပြီ ၉ ရက်နေ့အထိ ဖြစ်ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။
MDN


