တောင်ကြီး ဇွန် ၁၉
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် မျိုးဆက်သစ်ဘောလုံး အားကစားသမားများ ပေါ်ထွက် လာစေရေး၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား မျိုးဆက်သစ်များ ပေါ်ထွက်ရေးစသည့် ရည်ရွယ်ချက်ဖြင့် ဆေးတက္ကသိုလ် (တောင်ကြီး) ပါမောက္ခချုပ် တံခွန် စိုက်ဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့ညနေပိုင်း တွင် တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် တက်ရောက် အမှာစကားပြောကြားသည်။
အခမ်းအနားသို့ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးများ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆေးတက္ကသိုလ် (တောင်ကြီး) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ အားကစားဝါသနာရှင်များ တက် ရောက်ကြည့်ရှုအားပေးကြသည်။
အခမ်းအနားတွင် တက္ကသိုလ်(တောင်ကြီး) ပါမောက္ခ ချုပ် ဒေါက်တာလှဝင်းမြင့်က ပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သက် ၍ ရှင်းလင်းတင်ပြပြီး ဆေး တက္ကသိုလ်(တောင်ကြီး) ပါမောက္ခချုပ် တံခွန်စိုက်ဖလားဘောလုံး ပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် Medical Year 1 FCနှင့် Medical Year3 (5/2025) အသင်းတို့ ယှဉ်ပြိုင် ကစားကြသည်။ အဆိုပါဘောလုံးပြိုင်ပွဲကို ဇွန် ၁၈ ရက်မှ ၂၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲအသင်းခြောက်သင်း ပါဝင်ယှဉ်ပြိုင်ကစား သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


