ဆီဆိုင် အောက်တိုဘာ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်တွင် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း (ဆိုက်ခေါင်)၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီက နယ်စပ်ဒေသတိုင်းရင်သား လူငယ်များ  ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ဆိုက်ခေါင်) ခန်းမ၌  ကျင်းပသည်။

ဦးစွာ နယ်စပ်ဒေသတိုင်းရင်း သားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ဆိုက်ခေါင်)မှ ကျောင်းအုပ် ဆရာကြီး ဦးခွန်အောင်မန်က အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကြီးဒဲရယ်က လူငယ်စကားဝိုင်း ကျင်းပရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းကို ကျင်းပရာ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း(ဆိုက်ခေါင်)မှ ကျောင်းသား ကျောင်းသူများက လူငယ်နှင့် စာပေ၊ အနှစ်သက်ဆုံး အားကစားတစ်ခုအကြောင်း၊ အနှစ်သက်ဆုံး  စာအုပ်တစ်အုပ်အကြောင်း၊ လူငယ်နှင့် အားကစား စသည့် ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးရာ တက်ရောက်လာသည့် ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

မြို့နယ်(ပြန်/ဆက်)