ဆီဆိုင်  ၁ မေ  

 

တောင်သူလယ်သမားများ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲပြဿနာများကို သက်ဆိုင်ရာမှ သိရှိစေရန်နှင့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ၏ မူဝါဒအရ သိမ်းဆည်းထားသော မြေယာများကို တောင်သူလက်ထဲ တရားဝင်အမြန်ရောက်ရှိစေရန်အတွက် တောင်သူအင်အား (၃၀ဝ)ဦးခန့်က မေ ၁ ရက် နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က ဆီဆိုင်မြို့၊ မြကန်သာရပ်ကွက်အတွင်းရှိ အရိယာမဂ္ဂင်မြို့လယ်ဓမ္မာရုံမှ စတင်ကာ ဆီဆိုင်-တောင်ကြီး ပြည်ထောင်စုလမ်းမကြီးအတိုင်း ပင်စုံကျေးရွာအုပ်စု၊ ကောင်းမှုဗွာကျေးရွာ ဘုန်းတော်ကြီးကျောင်းရှေ့ထိ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။

 

1

 

ဆန္ဒပြပွဲတွင် ပါဝင်သူများမှ ပိုစတာ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ကြွေးကြော်လျက် ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခဲ့ကြပြီး ကောင်းမှုဗွာဘုန်းတော်ကြီးကျောင်းရှေ့တွင် ဆန္ဒဖော်ထုတ်ရခြင်းနှင့် ပတ်သက်၍ ဟောပြောပွဲကို ဆက်လက်ကျင်းပခဲ့ကာ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် ဆန္ဒဖော်ထုတ်ပွဲအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)

 

1

 

1