မတ် ၃

ဆီးရီးယားနိုင်ငံတွင် ၂၀၂၃ ခုနှစ်အစပိုင်းမှယခုအချိန်အထိ  မြေမြှုပ်ဗုံးများပေါက်ကွဲခြင်းကြောင့် သေဆုံးသူ ၅၅ ဦးရှိကြောင်း စစ်ပွဲစောင့်ကြည့်ရေးအဖွဲ့က ယမန်နေ့က ပြောကြားသည်။

ဆီးရီးယားလူ့အခွင့်အရေးဆိုင်ရာလေ့လာရေးအဖွဲ့၏ပြောကြားချက်အရ မြေမြှုပ်ဗုံးပေါက်ကွဲမှုများကြောင့် သေဆုံးသူ များတွင် အမျိုးသမီးနှစ်ဦးနှင့် ကလေးငယ် ၁၈ ဦး ပါဝင်ကြောင်း သိရသည်။

ထိုသေဆုံးသူများတွင် ဟာမားပြည်နယ်အလယ်ပိုင်း ဆာလာမီရတ်ဒေသတွင် ယမန်နေ့က သေဆုံးသူငါးဦးလည်း ပါဝင်ကြောင်း ထပ်လောင်းဖော်ပြထားသည်။

အဆိုပါမြေမြှုပ်မိုင်းပေါက်ကွဲမှုများကြောင့်  အမျိုးသမီးလေးဦးနှင့် ကလေးငယ် ၂၈ ဦး အပါအဝင်  ၁၁၈ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ 

အိုင်အက်စ်အကြမ်းဖက်သမားများက ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို