ဂျီနီဗာ ဇူလိုင် ၁၆

ဆီးရီးယားနိုင်ငံတောင်ပိုင်း ဆူဝီဒါအုပ်ချုပ်ရေးဒေသ  ဒရုဇ်အများစု နေထိုင်ရာနေရာ၌     ဆက်လက် ဖြစ်ပွားနေသည့်    အရပ်သားများအပါအဝင်      လူပေါင်းများစွာ သေကျေပျက်စီးစေသော အကြမ်း ဖက်တိုက်ခိုက်မှုများကို    ကုလ သမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ် က  စိုးရိမ်လျက်ရှိ သည်ဟု ၎င်း၏ပြောရေးဆိုခွင့်ရှိသူ  စတက်ဖိန်ဒူဂျာရစ်က  ဇူလိုင် ၁၅ ရက်တွင် ပြောသည်။

အရပ်သားသေဆုံးခြင်းနှင့် ပစ္စည်းလုယက်ခံရသည့်သတင်းများ တွေ့ရှိရသည့်အတွက်  စိုးရိမ်ပူပန်မှု ဖြစ်ပေါ်စေကြောင်း ၎င်းက    ဆက်လက်ပြောကြားခဲ့သည်။

အရပ်သားများအပေါ် အကြမ်းဖက်မှုများ အထူးသဖြင့်  လူမျိုးရေးတင်းမာမှုကို ဖြစ်ပေါ်စေသည့် အပြုအမူများကို   ရှုတ်ချကြောင်း ဒူဂျာရစ်က ဆက်လက်ပြောကြားခဲ့သည်။

အရပ်သားများကို ကာကွယ်ရန်၊ တည်ငြိမ်မှုကို ပြန်လည်ထိန်းသိမ်းရန်နှင့် နောက်ထပ် အကြမ်းဖက် မှုများကို ကာကွယ်ရန် ဆီးရီးယားကြားဖြတ်အစိုးရနှင့် ဒေသခံခေါင်းဆောင်များကို ကုလ အကြီးအကဲက  တိုက်တွန်းကြောင်း   ပြောရေးဆိုခွင့်ရှိသူက ပြောသည်။                 

ဆင်ဟွာ