ကျောက်ပန်းတောင်း နိုဝင်ဘာ ၁၂
ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနက ယနေ့နံနက်ပိုင်းတွင် မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး ပညာပေးခြင်းများ ဆောင်ရွက်သည်။
ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးမှူး ဦးသန်းမြင့်နှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ဆီသိုလှောင်ကန်များ မီးဘေးလုံခြုံမှု ရှိ/မရှိ၊ အရောင်းဆိုင်ရှိ မီးသတ်ဆေးဘူးများ သက်တမ်းလွန်ခြင်း ရှိ/မရှိ တို့ကို စစ်ဆေးပြီး ဆီမီးလောင်မှု အခြေအနေများအတွက် မီးသတ်ဆေးဘူး အသုံးပြု၍ အရေးပေါ် မီးငြှိမ်းသတ်နည်းများကို လက်တွေ့ဇာတ်တိုက် သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)


