ဒေးဒရဲ ၂၅ ဧပြီ

 

ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ရင်ခွင်မဲ့ကလေးသူငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းဖွဲ့စည်းခြင်း အခမ်းအနားကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ ညနေ ၃ နာရီက ကျင်းပခဲ့သည်။

 

အဆိုပါ အခမ်းအနားတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်ညိုက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး  ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်တင်အုန်းက ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

 

ဒေးဒရဲမြို့နယ် ရင်ခွင်မဲ့ ကလေးသူငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းအား  အသင်းဝင်(၇)ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်းနှင့် အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြောင်း သိရသည်။

 

မြင့်မြင့်ခိုင်(ပြန်/ဆက်)

 

mdn