မော်လမြိုင် ၂၄  ဧပြီ

 

မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက်တို့ ပူးပေါင်း၍ သုတ/ရသ စာအုပ်စာစောင်များကို နေ့စဉ်သွားရောက်လိုက်လံ ငှားရမ်းပေးလျက်ရှိရာ ယနေ့တွင် မြန်မာ့စီးပွားရေးဘဏ်ခွဲ(၁)နှင့်  မြန်မာ့စီးပွားရေးဘဏ်ခွဲ(၂)သို့ သွားရောက် ငှားရမ်းပေးခဲ့ကြောင်းသိရသည်။

 

နန

 

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက်သည်  မော်လမြိုင်မြို့ အခြေခံပညာကျောင်းများ၊ သင်တန်းကျောင်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများနှင့်  တက္ကသိုလ်/ ကောလိပ်အပြင် ပေါင်မြို့နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းဆုံမြို့နယ်နှင့် မုဒုံမြို့နယ်များရှိ အခြေခံပညာကျောင်းများတို့ကိုလည်း သုတ/ရသ စာအုပ်စာစောင်များသွားရောက် ငှားရမ်းပေး လျက်ရှိပြီး အဆိုပါ ရွေ့လျားစာကြည့်တိုက်မှ  သုတ/ ရသ စာအုပ်စာစောင်များကို ရက်သတ္တပတ် နှစ်ပတ်ကြာ ငှားရမ်းပေးပြီးမှ သွားရောက်သိမ်းဆည်းကာ စာအုပ်စာစောင်အသစ်များကို ပြန်လည် ငှားရမ်းပေးခဲ့ကြောင်း မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

 

ခရိုင်(ပြန်/ဆက်)

 

ိိ