ရှမ်းရွာသစ် ၂၆ ဧပြီ

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် စာပေ၏တန်ဖိုးကို ချစ်မြတ်နိုးတတ်စေရန်၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးအကြောင်းကို သိရှိစေရန်နှင့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ဖတ်ရှုလေ့လာရန် အချိန်မပေးနိုင် သည့် ပြည်သူများထံသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ရှမ်းရွာသစ်မြို့ သန္တိသုခဘုန်းတော်ကြီးကျောင်းတွင် ကရင်စာပေသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား သွားရောက် ဆောင်ရွက်ပေးခဲ့သည်။

 

အဆိုပါ မိုဘိုင်းစနစ်ဖြင့် စာအုပ်ငှားရမ်းပေးခြင်းကို ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန်မြင့်မားလာစေရေးအတွက် ရည်ရွယ်၍ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများထံသို့ တစ်ပတ်လျှင်တစ်ကြိမ် အသစ်လဲလှယ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ရှမ်းရွာသစ် (ပြန်/ဆက်)