ရန်ကုန် ၂၈ ဧပြီ
ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၉၃)ရပ်ကွက်၊ ရွှေလီလမ်းနှင့် ကမ်းနားလမ်းထောင့်တွင် ဧပြီ ၂၅ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ်(၆)လုံး မီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု(၆)စုမှ လူဦးရေ(၂၅)ဦးတို့ မီးဘေးသင့်ခဲ့ရကြောင်း သိရသည်။
အဆိုပါ မီးဘေးသင့်ပြည်သူများအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ဧပြီ ၂၆ ရက်တွင် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၆)အိမ်ထောင်စုစာနှင့် ဆန်ရိက္ခာ (၇)ရက်စာဖိုး ၅၂၅၀ဝ ထောက်ပံ့ငွေအား ဘေးသင့်ပြည်သူများထံ လက်ဝယ်သို့ မြို့နယ်အုပ်ချုပ်ရေး၊ ရပ်ကွက်အုပ်ချုပ်ရေးတို့နှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့သည်။
မျိုးမင်းသိန်း(မရမ်းကုန်း)


