မုဒုံ ၆ မတ်    


မုဒုံမြို့နယ် စာအောင်ဆုနှင်းသဘင်ကျင်းပရေးအဖွဲ့က ကြီးမှူးကျင်းပသော အဋ္ဌမအကြိမ်မြောက် ဓမ္မာစရိယနှင့် (၆၁)ကြိမ်မြောက် ပါဠိပထမပြန် စာအောင်ဆုနှင်းသဘင် ဆုချီးမြှင့်ပွဲအခမ်းအနားကို မုဒုံမြို့၊ မြို့မ(၂)ရပ်ကွက်ရှိ က္ကစာသယ သာသနာ့ဗိမာန်တော်ကြီး၌ မတ်လ (၅) ရက်၊ မွန်းလွဲ (၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားကို တက်ရောက်လာသူများမှ နမောတဿ (၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပေးခဲ့ပြီး၊ ဆရာတော် ဉူးကိတ္ထိဝဏ်ဏ ထံမှ ငါးပါးသီလဆောက်တည်ခဲ့ကြကာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ဇော်ဦးက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။ ထို့နောက် စာအောင် ဆုနှင်းသဘင်ကျင်းပရေးအဖွဲ့ နာယက ဦးကျော်ငြိမ်းက ကျေးဇူးတင်စကား ပြောကြားပြီး စာအောင်သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များအား    အောင်လက်မှတ်များ ပေးအပ်ခြင်း၊ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကာ ဆရာတော်က လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် အလှူရှင်များက ဆွမ်းဆန်စိမ်းများလောင်းလှူခဲ့ကြသည်။


အခမ်းအနားသို့ ဆရာတော် ဉူးကိတ္ထိဝဏ်ဏ အမှူးပြုသော နာယကဆရာတော်(၄)ပါး၊ စာအောင်သံဃာတော်များဖြစ်သော ဓမ္မာစရိယဘွဲ့ရ (၁)ပါး၊ ဓမ္မာရိယတန်းကျမ်းစွဲအောင် (၂)ပါး၊ အကြီးတန်းအောင် (၅၁)ပါး၊ အလတ်တန်းအောင် (၄၄)ပါး၊ အငယ်တန်းအောင် (၈၁)ပါး၊ အခြေပြုမူလတန်းအောင် (၁၂၃)ပါး၊ စာအောင်သီလရှင်များဖြစ်သော အကြီးတန်းအောင် (၁)ပါး၊ အလတ်တန်းအောင် (၁)ပါး၊ အငယ်တန်းအောင် (၄)ပါး၊ အခြေပြုမူလတန်းအောင် (၁၀)ပါး၊      အဘိဓမ္မာနှင့် ဝိသုဒ်ဓိမာဂ်အောင် လူပုဂ္ဂိုလ် (၄၂)ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ လူမှုရေး အဖွဲ့ဝင်များနှင့် အလှူရှင်များ    တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

မုဒုံ(ပြန်/ဆက်)

 

1