ဓနုဖြူ  ၅  မေ

 

ဓနုဖြူမြို့တွင် ခွေးရူးရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခြင်းကို မေ ၄ ရက်က အမှတ် (၁၅)ရပ်ကွက် တောင်ပေါ်ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

္ျျ

 

 

ရှေးဦးစွာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာတင်မောင်လင်းမှ ခွေးရူးရောဂါ အကြောင်းကို ရပ်ကွက်နေပြည်သူများအား သိရှိစေရန် ဟောပြောပေးပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။ 

 

နတနမ

 


အဆိုပါ ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းအား အမှတ်(၁၅)ရပ်ကွက်၊ အမှတ်(၁၆)ရပ်ကွက် အတွင်းရှိ အိမ်မွေးခွေးနှင့် ကြောင် စုစုပေါင်း ၆၀ ကောင်အား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 


အောင်သူဟိဏ်း(ဓနုဖြူ)