ရန်ကုန်  ၁၆  မတ် 


ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် မြို့နယ်ပညာ/ ကျန်းမာဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် နွေရာသီ အင်္ဂလိပ်စကားပြောသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဒလမြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေး တို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာ/ကျန်းမာ ဖောင်ဒေးရှင်း ဒုဥက္ကဋ္ဌ ဒေါက်တာတင်ဖုန်း က သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။ ထို့နောက် ၂၀၁၈ ခုနှစ် အင်္ဂလိပ်စွမ်းရည်ပြိုင်ပွဲ(တိုင်းဒေသကြီးအဆင့်- ပထမ) ဆုရရှိသူ ဒလမြို့နယ် အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း စတုတ္ထတန်းမှ ကျောင်းသူ မစိုးယုခိုင်းအား ဂုဏ်ပြုမှတ်တမ်းနှင့် ဆုငွေကျပ်(၁)သိန်း ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးနှင့် တာဝန်ရှိသူများက ပေးအပ် ချီးမြှင့်ပေးခဲ့ကြသည်။

 

နွေရာသီ အင်္ဂလိပ်စကားပြောသင်တန်းကို အပတ်စဉ် စနေ၊ တနဂငေ်္နွ နေ့ များတွင် နံနက် ၉ နာရီမှ ၁၂ နာရီ အထိ ဖွင့်လှစ်ပေးမည်ဖြစ်ပြီး သင်တန်းကာလ(၁)လခွဲ ကြာမြင့်မည်ဖြစ်ရာ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်၊ လူရွယ်များ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ (၆၅) ဦး တက်ရောက်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။

 

နိုင်လင်းကျော်(ဒလ)