နေပြည်တော် ၃၀ ဧပြီ  

 


ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အိန္ဒိယကြည်းတပ် စစ်ဆင်ရေးညွှန်ကြားရေးမှူးချုပ် (Director General of Military Operations- DGMO), Lieutenant General Anil Chauhan အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။ 

 


တွေ့ဆုံပွဲတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေးနှင့် ကုလားတန်မြစ်ဝှမ်း စီမံကိန်း လုံခြုံရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် သတင်းအချက်အလက်များ အပြန်အလှန် ဖလှယ်ရေးဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 


(သတင်းစဉ်)