နေပြည်တော်၊ ဒီဇင်ဘာ ၃
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် (သန်လျင်) သို့ ရောက်ရှိရာ ပါမောက္ခချုပ်ရုံး အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်က အကြီးအကဲများ၏ လမ်းညွှန်ထားချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု၊ ဆောင်ရွက်ပြီးစီး မှု၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ရန် ကျန်ရှိသည့်လုပ်ငန်းများအခြေအနေ၊ ကျောင်းသား/ ကျောင်းသူများ ကျောင်းတက်ရောက်မှုနှင့် စာမေးပွဲဖြေဆိုပြီးစီးမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြ သည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ သတ်မှတ်တင်ဒါ လုပ်ထုံးလုပ်နည်း၊ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်နှင့် တာဝန်ရှိသူ အဆင့်ဆင့်မှ အနီးကပ်ကြီးကြပ် ဆောင်ရွက်သွားရန် မှာကြားသည်။
ထို့အပြင် ဆရာ/ဆရာမများအနေဖြင့် ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်း တာဝန်များအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စည်းလုံးညီညွတ်စွာ ဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း ကျဆင်းသွားပြီဖြစ်သော်လည်း ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသော SOP များနှင့်အညီ ရုံးဌာန၊ စာသင်ခန်းများတွင် အလေးထား လိုက်နာကျင့်သုံးစေရေး အဆင့်အလိုက် ကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားပြီး သင်ကြားရေးနှင့် စီမံရေးရာဌာနများမှ အရာထမ်း၊အမှုထမ်းများနှင့်အတူတကွ လက်ရည်တပြင် တည်းခင်မင်ရင်းနှီးစွာ နေ့လယ်စာ သုံးဆောင်သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် တက္ကသိုလ်ဝင်းအတွင်းရှိ စာကြည့်တိုက်အသစ်၊ Motivation Hall ဆောင်ရွက်နေမှု၊ Laboratory အခန်းများ ပြင်ဆင်ထားမှု၊ အလုပ်ရုံနှင့် Towing Tank အဆောင်များတွင် လုပ်ငန်းဆောင်ရွက်နေမှု၊ ဘောလုံးကွင်းတည်ဆောက်ပြီးစီးမှု၊ တက္ကသိုလ်ဝင်း အတွင်းရှိ ပလက်ဖောင်းလုပ်ငန်းလုပ်ဆောင်နေမှုနှင့် ကျောင်းသား/သူများအတွက် အဆောင် တည်ဆောက်မည့်နေရာများ၏ အခြေအနေများကို လှည့်လည်စစ်ဆေးကြည့်ရှုပြီး လိုအပ်သည်များ ကို မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


