နေပြည်တော် ၂၉ ဧပြီ

 

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်လင်းသည် ဧပြီ ၂၇ ရက်တွင် Oriental Highway Co., Ltd မှ တာဝန်ရှိသူများနှင့်အတူ B.O.T စနစ်ဖြင့် Oriental Highway Co., Ltd က တာဝန်ယူဆောင်ရွက်နေသော သိန္နီ- ကွမ်းလုံ- ချင်းရွှေဟော်လမ်းအား (၂)လမ်းသွား ကတ္တရာကွန်ကရစ်ခင်းခြင်းနှင့် လမ်းတိုးချဲ့ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို လမ်းတစ်လျှောက်ကြည့်ရှုစစ်ဆေးသည်။

 

110104

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် Oriental Highway Co., Ltd မှ B.O.T စနစ်ဖြင့် တာဝန်ယူဆောင်ရွက်နေသော လားရှိုး-မူဆယ်လမ်းအပိုင်း  မိုင်တိုင် (၂၀၉/၅)အနီး စက်ယန္တရားကြီးများဖြင့် လမ်းတိုးချဲ့ ဖောက်လုပ်ဆောင်ရွက်နေမှုကို လည်းကောင်း၊ မိုင်တိုင် (၂၁၇/၁-၂၁၇/၂)ကြား (၄၈)ပေအကျယ် ကတ္တရာကွန်ကရစ်လမ်း ခင်းနေမှုကိလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

 

35357

 

ယင်းနောက် အဆိုပါလမ်းပိုင်း မိုင်တိုင်အမှတ် ၂၂၂/ဝ ရှိ ကုမ္ပဏီရှင်းလင်းဆောင်သို့  ရောက်ရှိရာ ရှင်းလင်းဆောင်တွင် ကုမ္ပဏီမှတာဝန်ရှိသူများက မန္တလေး-လားရှိုး-မူဆယ်လမ်းအပိုင်း (၄)လမ်းသွား ကတ္တရာကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်နေမှု စီမံချက်နှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ လမ်းနှင့် မလွတ်ကင်းသောအပိုင်းများ၊ မြေယာသိမ်းဆည်းမှု၊ လျော်ကြေးပေးရမည့် အခြေအနေနှင့် နောင်ချိုနှင့်ကျောက်မဲကြားတွင် ဂုတ်ထိပ်ကြိုးတံတား စတင်တည်ဆောက်မည့် အခြေအနေ၊ ချဉ်းကပ်လမ်း Alignment တစ်လျှောက် မြေယာလျော်ကြေးပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက အဆိုပါလမ်းသည် တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းမကြီးဖြစ်၍ ယာဉ်အသွားအလာများပြားသဖြင့် (၄)လမ်းသွား တိုးချဲ့ခြင်းတွင် မန္တလေး- ပြင်ဦးလွင်- နောင်ချိုအပိုင်းနှင့် သိန္နီ-မူဆယ် အပိုင်းများ ပြီးသလောက်နီးပါး တွေ့ရသော်လည်း နောင်ချို- လားရှိုး- သိန္နီအပိုင်းများ ကျန်နေသေးသဖြင့် ဆောင်ရွက်၍ရသည့် အပိုင်းများကို တစ်ပြိုင်တည်းတိုးချဲ့သွားရန်၊ တိုးချဲ့ပြီးသောအပိုင်းများ ရင်းနှီးမြှုပ်နှံခြင်း တိုးတက်မှုတင်ပြရေးနှင့် ဂုတ်ထိပ်တံတား တည်ဆောက်ခွင့်ရရှိရေး မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ အမြန်တင်ပြသွားရန် တာဝန်ရှိသူများကို မှာကြားသည်။

 

ထို့နောက် လမ်းမိုင် ၂၃၁/ဝ အနီး ကတ္တရာကွန်ကရစ်လမ်း (၄)လမ်းသွားခင်းပြီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် မူဆယ်မြို့တွင် အဆောက်အဦ အထူးအဖွဲ့(၆)မှတာဝန်ယူ တည်ဆောက်နေသော ခုတင်(၂၀ဝ)ဆံ့ တိုးချဲ့ဆောင်နှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)