နေပြည်တော် ၊ မေ  ၁၉

 

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အလယ် အလတ်အဆင့် အရာထမ်းမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်၊ ရုံးအမှတ် (၄၆) ရှိ ပြည်တွင်း အခွန်များဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တက်ရောက် အမှာစကားပြောကြားသည်။

 

ဉီးစွာ ဒုတိယဝန်ကြီးက ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အရာထမ်း၊ အမှုထမ်းများအတွက် လိုအပ်သော လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အခြေခံသင်တန်းနှင့် မွမ်းမံသင်တန်းများကို လုပ်ငန်းလိုအပ် ချက်အရ အခါအားလျော်စွာ ဖွင့်လှစ်ပို့ချပေးလျက် ရှိကြောင်း၊ ယခုသင်တန်းကိုလည်း အလယ်အလတ် အဆင့် အရာထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရန်နှင့် စီမံခန့်ခွဲမှုအရည်အသွေးများ ပိုမိုတိုးတက်လာစေ ရန်ရည်ရွယ်၍ ဖွင့်လှစ်ပို့ချပေးခဲ့ခြင်း ဖြစ်ကြောင်း။

 

ပြည်တွင်းအခွန်များဦးစီးဌာနကို ပွင့်လင်းမြင်သာမှုရှိသည့် ခေတ်မီသောအခွန်ဌာန တစ်ခုဖြစ်လာစေရန် ရည်မှန်းချက်ထားရှိသဖြင့် အခြေခံကျသည့် ဝန်ထမ်းများ၏ စွမ်းဆောင်မှုအရည်အသွေး တိုးတက်လာ ရေးသည် အရေးကြီးကြောင်း၊ အလယ်အလတ် အဆင့်အရာထမ်းများသည် အထက်အဆင့်နှင့် အောက်အဆင့်ကြားတွင် စီမံခန့်ခွဲမှုများ ဟန်ချက်ညီအောင် ထိန်းညှိဆောင်ရွက်ပေးရသော အရာထမ်း များဖြစ်သဖြင့် လုပ်ငန်းရည်ရွယ်ချက်များ အောင်မြင်ရေးအတွက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေး နိုင်ရန်လိုကြောင်း။

 

သင်တန်းတွင် ပို့ချပေးခဲ့သည့် ဘာသာရပ်များသည် လက်တွေ့လုပ်ငန်းနယ်ပယ်တွင် အသုံးချ ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်များသဖွယ်ဖြစ်၍ ယင်းတို့ကိုအသုံးချပြီး နိုင်ငံအတွက် ရသင့်ရထိုက် သည့်အခွန်ငွေများကို အလေအလွင့်မရှိစေဘဲ တတ်နိုင်သမျှ ကြိုးပမ်းကောက်ခံကြရန်ဖြစ်ကြောင်း၊ အလယ်အလတ်အဆင့်အရာထမ်းများအနေဖြင့် အခွန်ထမ်းပြည်သူများနှင့် ထိတွေ့ဆက်ဆံရာတွင် လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်မှု၊ ဆက်ဆံရေးပြေပြစ်မှုများမှာ မရှိမဖြစ်လိုအပ်ပြီး၊ မိမိတို့၏ဆောင်ရွက် ချက်များသည် အခွန်ယဉ်ကျေးမှုကို မြှင့်တင်ပေးနေခြင်းဖြစ်ကြောင်းကို အစဉ်အမြဲနှလုံးသွင်း၍ ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် အခွန်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများနှင့်လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်၍ ကျွမ်းကျင်မှုရှိအောင် အစဉ်အမြဲ လေ့လာ ဆည်းပူးနေရန် လိုအပ်သကဲ့သို့ လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းများကိုလည်း မျှဝေပေးခြင်း၊ အမြင်ချင်း ဖလှယ်ဆွေးနွေးခြင်းများ ပြုလုပ်ကြခြင်းဖြင့် လုပ်ငန်းစွမ်းဆောင်မှု အရည်အသွေးများ အစဉ်မြင့်မား တိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက သင်တန်းတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူ သင်တန်းသား/သင်တန်းသူများကို ဆုများချီးမြှင့်ခဲ့ပြီး သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်သည်။

 

အဆိုပါသင်တန်းကို ရက်သတ္တပတ် (၂)ပတ်ကြာ ဖွင့်လှစ်ပို့ချခဲ့ပြီး၊ သင်တန်းသို့ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သင်တန်းသား/သင်တန်းသူ လက်ထောက်ညွှန်ကြားရေးမှူး စုစုပေါင်း (၈၀)  တက်ရောက် ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)