မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၃၁)ရက်နေ့ (၁၃:၀၀)နာရီ အချိန်တွင် မြစ်ရေကြီးမှုအခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်။

 

ဧရာဝတီမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ

 

ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာတီမြစ် ရေသည် ဟင်္သာတမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် လက်ရှိရေမှတ်မှ နောက် (၃)ရက်အတွင်း (၁)ပေခန့် ဆက် လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်ပါသည်။

 

အကြံပြုချက်

 

သို့ဖြစ်ပါ၍ ဟင်္သာတမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင် သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

Crd. မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန