ပုသိမ် နိုဝင်ဘာ ၁၀

 

ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၃/၂၀၂၅)ကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ရာ အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

 

အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လယ်ယာမြေစီမံခန့်ခွဲမှုနှင့် ပတ်သက်၍ အမှုတွဲများတင်ပြရာတွင် ပြီးပြည့်စုံအောင် ဆောင်ရွက်တင်ပြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ လယ်ယာမြေ အမှုတွဲများနှင့်ပတ်သက်၍ ဆုံးဖြတ်ဆောင်ရွက်ရာတွင် ဘက်လိုက်မှုမရှိဘဲ တိကျမှန်ကန်စွာ ဆောင်ရွက်ရန် လိုပါကြောင်းနှင့် ကော်မတီဝင်များကလည်း သက်ဆိုင်ရာ ကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြုဆွေးနွေး တင်ပြပေးကြစေလိုကြောင်း အမှာစကားပြောကြားသည်။

 

ဆက်လက်၍ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူးက လယ်ယာမြေအမှုတွဲများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြချက်များနှင့် အဖွဲ့ဝင်များ၏ အထွေထွေဆွေးနွေးတင်ပြ မှုများအပေါ် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)