လေးမျက်နှာ ၆ မေ

 


ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မေ ၅ ရက် မွန်းလွဲ ၁ နာရီက ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ မြို့နယ်အားကစားခန်းမ၌ ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံသည်။

 

uigtyh

 


အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးလှမိုးအောင်က အဖွင့်အမှာစကား ပြောကြားရာ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ ဘတ်ဂျက်ခွဲဝေသုံးစွဲမှု အခြေအနေများနှင့် နိုင်ငံတော်အနေဖြင့် ပြည်သူလူထုများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် ဆောင်ရွက်နေသည့် အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီး စီမံကိန်းရေးဆွဲရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး ဦးဌေးဝင်းက ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအစိုးရအနေဖြင့် အစိုးရဝင်ငွေရရှိမှု အခြေအနေများ၊ အခွန်ကောက်ခံမှုများနှင့် ပတ်သက်သည့် ဝင်ငွေများနှင့် ဘဏ္ဍာငွေသုံးစွဲမှု အခြေအနေများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်ကျသည့် ဝင်ငွေများအပေါ် လိုငွေပေါ်ပေါက်ပါက ဖြေရှင်းဆောင်ရွက်ရသည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။

 


ဆက်လက်၍ တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာကြသော ဒေသခံပြည်သူများ မိမိတို့သိရှိလိုသည်များနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များအား တင်ပြဆွေးနွေးမှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် သက်ဆိုင်ရာဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်း ဆွေးနွေးဆောင်ရွက်ပေးခဲ့ကာ လတ်တလော ဆောင်ရွက်ပေးနိုင်သည့် ကိစ္စရပ်များအား သက်ဆိုင်ရာ ဌာနဆိုင်ရာများဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ပြီး ပြန်လည်စိစစ် သုံးသပ်ရမည့် ကိစ္စရပ်များအား အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 


တိုင်းဒေသကြီး(ပြန်/ဆက်)