လှိုင်းဘွဲ ၂၇ ဧပြီ

 

ရာသီဥတုပြောင်းလဲလာမှုကြောင့် သီးနှံစိုက်ခင်းများအတွင်း ပိုးမွှားရောဂါ ကျရောက်ပျက်စီးမှုများ နေရာအနှံ့အပြားတွင် ကြုံတွေ့နေရသဖြင့် FAW ငမြှောင်တောင်ပိုး ကာကွယ်နှိမ်နှင်းရေး နည်းလမ်းများ တောင်သူပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်ခန့်တွင် လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ သီးနှံကာကွယ်ရေးဌာနခွဲ (ရုံးချုပ်) ပိုးမွှားဗေဒဌာနစု တာဝန်ခံဒေါက်တာ ဒေါ်ခင်မာလာမြင့် (လက်ထောက်ညွှန်ကြားရေးမှူး) ဦးဆောင်၍ လှိုင်းဘွဲမြို့နယ် သာယာကုန်းကျေးရွာအတွင်းရှိ ပြောင်းသီးနှံ စိုက်ခင်းများတွင် တွေ့ရှိရတတ်သည့် ဖျက်ပိုးအသစ်နှင့် စပ်လျဉ်း၍ ကာကွယ်နိုင်ရေးအတွက် ပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

 

အဆိုပါ ဆွေးနွေးပွဲတွင် FAW ငမြှောင်တောင်ပိုး ကင်းထောက်ခြင်းနည်းလမ်းများ၊ အဖိုဆွဲဆောင်ထောင်ခြောက်အသုံးပြုပုံနှင့် ဘက်စုံကာကွယ်နှိမ်နှင်းခြင်း နည်းလမ်းများကို တာဝန်ရှိသူများက တောင်သူများအား အသိပညာပေးဆွေးနွေးခဲ့ရာ သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြသည်။

 

ပညာပေးဆွေးနွေးပွဲသို့ သာယာကုန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာလေးရွာမှ တောင်သူ(၄၀)ဦး တက်ရောက်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)