ဘာလင်   သြဂုတ်   ၅

ဂျာမန်လူငယ်အများအပြားသည် ဂျာမန်တပ်မတော်တွင် စစ်မှုထမ်းရန် စာရင်းပေးသွင်းလျက်ရှိ ကြောင်း သြဂုတ် ၅ ရက်ကထုတ်ပြန်သည့် Der Spiegel ၏ အစီရင်ခံစာအရ သိရသည်။

ဂျာမန်ကာကွယ်ရေးဝန်ကြီးဌာနမှ ဖော်ပြသည့် ဇူလိုင် ၂၁ ရက်အထိ အချက်အလက်များအရ ၂၀၂၅ ခုနှစ်တွင် ဂျာမန်တပ်မတော်၌  လူငယ် ၁၃၇၅၀ ခန့်  စစ်မှုထမ်းရန်  စာရင်းပေးသွင်းခဲ့သောကြောင့် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက စစ်မှုထမ်းရန် စာရင်းပေးသွင်းသူ ၂၈ ရာခိုင်နှုန်းတိုးလာ သည်ဟု ဆိုရမည်ဖြစ်သည်။

တိုးလာသည့် စစ်မှုထမ်းရန် စာရင်းပေးသွင်းသူများတွင် စေတနာအလျောက် ယာယီစစ်မှုထမ်းမည့် စစ်သည်များနှင့် သတ်မှတ်ကာလတစ်ခုအထိ ကာလရှည်စေတနာအလျောက်စစ်မှုထမ်းမည့် စစ်သည်များ ပါဝင်သည်။ သတ်မှတ်ကာလတစ်ခုအထိ ကာလရှည် စစ်မှုထမ်းခြင်းမပြုမီ စစ်မှုထမ်းရန် ပဏာမစိတ်ဝင်စားသူများကို တပ်မတော်အကြောင်းပိုမိုလေ့လာနိုင်ရန် အစမ်းခန့်ကာလ ခြောက်လခန့် စစ်သည်များအဖြစ် ခန့်အပ်ထားမည်ဖြစ်သည်။

လတ်တလောတွင်   ဂျာမန်တပ်မတော်၌ တပ်ဖွဲ့ဝင်  ၁၈၃၁၀၀  ခန့်ရှိပြီး အကြမ်းဖျဉ်းအားဖြင့် ယမန်နှစ်ကထက် တပ်ဖွဲ့ဝင် ၂၀၀၀ ကျော်တိုးလာသည်။

ဆန္ဒအလျောက် စစ်မှုထမ်းခြင်းတွင် ပါဝင်သူဦးရေသည် ၁၅ ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်း သိရသည်။ နိုင်ငံ့လုံခြုံရေးအခင်းအကျင်းနှင့် မီဒီယာလှုပ်ရှားမှုများကြောင့် ယခုလိုတပ်ဖွဲ့ဝင်သစ်များ တိုးလာခြင်းဖြစ်ကြောင်း ဂျာမန်ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြထားသည်။

နိုင်ငံတကာ တင်းမာမှုများမြင့်တက်လာခြင်းကို တုံ့ပြန်သည့်အနေဖြင့်   ဂျာမန်အစိုးရသည်   စစ်ရေး စွမ်းရည်များကို    တိုးတက်အောင်လုပ်ဆောင်ရန် လိုအပ်လာသည်ဟု ယူဆလျက်ရှိသည်။

ဆင်ဟွာ