တဘီလီဆီ ဩဂုတ် ၆

ဂျော်ဂျီယာနိုင်ငံ အနောက်ပိုင်းတွင် မြေပြိုမှုဖြစ်ပွားခြင်းကြောင့် ဩဂုတ် ၆ ရက်အထိ သေဆုံးသူ စုစုပေါင်း ၁၇ ဦး အထိတိုးလာ ကြောင်း နိုင်ငံ၏ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားသည်။ ယခုအချိန်အထိ ကယ်ဆယ်ရေးသမားများက သေဆုံးသူ ၁၇ ဦးကို တွေ့ရှိခဲ့ကြောင်း၊ ကယ်ဆယ်ရေး လုပ်ငန်း လုပ်ဆောင် နေစဉ်အတွင်း လူ ၂၀၀ ကျော်ကို ဘေးကင်းရာသို့ ပို့ဆောင်ပေး ထားကြောင်း ဝန်ကြီးဌာနက ဒေသတွင်းမီဒီယာသို့ ပြောကြားသည်။

မြေပြိုမှုဖြစ်ပွားပြီးနောက် လူ ၂ဝ နီးပါး ပျောက်ဆုံးနေဆဲဖြစ် သည့်အတွက် သေဆုံးသူအရေအတွက် တိုးလာနိုင်ကြောင်း ဒေသ တွင်း သတင်းများက ခန့်မှန်းထားသည်။ ဒါဇင်နှင့်ချီသည့် စက်ကိရိယာများ ကကယ်ဆယ်ရေးလုပ်ငန်းများ ပြုလုပ်လျက် ရှိကြောင်း ဂျော်ဂျီယာကျန်းမာရေးဝန်ကြီး ဇူရက် အဇာရာရှီဗီလီက ဩဂုတ် ၅ ရက်က ပြောကြားသည်။

ဆင်ဟွာ