ဂါဇာကမ်း‌မြောင်ဒေသရှိ မောင်းသူမဲ့လေယာဉ်တစ်စင်းကို အစ္စရေးလေကြောင်းကာကွယ်ရေးစနစ်က ကြားဖြတ်တိုက်ခိုက်

ဂျေရုဆလင် ဩဂုတ် ၂၁

အစ္စရေး၏ Iron Dome ဝေဟင် ကာကွယ်ရေးစနစ်သည် ဩဂုတ်၂၁ ရက် နံနက်ပိုင်းက ဂါဇာ ကမ်းမြောင်ဒေသ၏ ကောင်းကင်ပေါ်ရှိ အမည်မသိ မောင်းသူမဲ့လေယာဉ်တစ်စင်းကို ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သည်။ ယင်းသို့ပစ်ခတ် မှုမှာ နှစ်ရက်ဆက်တိုက် ရှိပြီဖြစ် ကြောင်း အစ္စရေး တပ်မတော်က ပြောကြားသည်။ ဒရုန်းတစ်ခုဟု ဟူဆရသည့်

မောင်းသူမဲ့ လေယာဉ်သည် အစ္စရေးနိုင်ငံဘက်သို့ ဂါဇာကမ်းမြောင်ဒေသကို ဖြတ်သန်း သွားပြီးနောက် အဆိုပါ Iron Dame စနစ်က ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း အစ္စရေးစစ်ဘက်က ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

အနည်းဆုံး ကြားဖြတ် ဒုံးကျည်နှစ်စင်းကို မောင်းသူမဲ့လေယာဉ် ပစ်မှတ်သို့ ပစ်လွှတ်ခဲ့ သော်လည်း ထိမှန်မှုအခြေအနေ ကိုတိတိကျကျမသိရသေးကြောင်း၊ လေယာဉ်မှာ အစ္စရေးပိုင်နက် အတွင်းသို့ မရောက်ရှိခဲ့ကြောင်း တပ်မတော်က ပြောကြားသည်။ ဩဂုတ် ၂၀ ရက်ကလည်း အစ္စရေးကြားဖြတ် ၊ ဒုံးကျည်တစ်စင်းသည် ကမ်းရိုးတန်းအပေါ် ရှိ ဒရုန်းတစ်စင်းကို ပစ်ချခဲ့ကြောင်းသိရသည်။ ဂါဇာကမ်း မြောင်ဒေသသည် ၂၀၀၇ ခုနှစ်မှ စကာအစ္စရေး၏ ပိတ်ဆို့မှုအောက် တွင်ရှိကြောင်းသိရသည်။

ဆင်ဟွာ