ဂွ ၂၉ ဧပြီ
နွေရာသီရောက်ရှိလာပြီဖြစ်သဖြင့် ရပ်ကွက်အတွင်းရှိ နေအိမ် အဆောက်အဦများ/ အစိုးရဌာနရုံးများ/ ဈေးများတွင် မီးပေါ့ဆမှုများ မဖြစ်ပေါ်စေရေးနှင့် မီးဘေးလုံခြုံရေး အသိပညာပေး နှိုးဆော်ဆောင်ရွက်ခြင်းများကို ယမန်နေ့ မွန်းလွဲပိုင်းက ဂွမြို့နယ် မီးသတ်ဦးစီဌာနမှ လက်ထောက် မီးသတ်ဦးစီးမှူး ဦးဆောင်သည့်အဖွဲ့က မြို့ပေါ်(၃)ရပ်ကွက်အတွင်း လှည့်လည်ကာ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအေးမြင့်နှင့် တပ်ဖွဲ့ဝင်များသည် မြို့ပေါ်ရှိ စက်သုံးဆီဆိုင်များအား စစ်ဆေးခြင်းနှင့် အကြံပေးခြင်းလုပ်ငန်းများကို ယနေ့နံနက် ၈ နာရီခွဲက ရွှေရိုးမ စက်သုံးဆီဆိုင်နှင့် ကျော်ဇံစက်သုံးဆီဆိုင်များသို့ သွားရောက်ကာ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းနှင့် မီးဘေးလုံခြုံရေးအတွက် ဆီဆိုင်များမှ ဆောင်ရွက်ထားရှိမှုနှင့် ပြုပြင်ရန်လိုအပ်သည်များကို အကြံပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း ဂွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းရရှိသည်။
MDN


