ဝက်လက်  ၄   မတ်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ကျောက်တိုင်ကျေးရွာတွင် ဂျင်းကျောက်ချော ကုန်ထုတ်လမ်းခင်းခြင်းလုပ်ငန်းကို မတ်လ ၄ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ကျောက်တိုင်ကျေးရွာ ကုန်ထုတ်လမ်းခင်းခြင်းလုပ်ငန်းကို ဝက်လက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်လွင်ဦး၊ ဦးစီးအရာရှိ ဒေါ်တင်မာလွင်၊ အငယ်တန်း အင်ဂျင်နီယာ ၂ ဦး၊ အောင်အောင်နှင့် တာဝန်ရှိသူများ လိုက်ပါလျှက် ခွင့်ပြုငွေ ၅၀ ဒသမ ၇ ကျပ်သန်း ဖြင့် အရှည် ဝ/၇ မိုင် ၊ အကျယ်  ၁၂ ပေ ၊ ထု ၉ လက်မ ကို ၄၈ ဒသမ ၆ ကျပ်သန်းဖြင့် တင်ဒါအောင်မြင်သော ရွှေသိန်းကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်နေသည်။ 

 

အဆိုပါ ဂျင်း ကျောက်ချော ကုန်ထုတ်လမ်းခင်းခြင်း လုပ်ငန်းကို ကွင်းဆင်းစစ်ဆေးကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါ ဂျင်း ကျောက်ချောလမ်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ခင်းသောလမ်း ဖြစ်ကြောင်း သိရှိရသည်။

 

စိုးစိုးလှိုင် 

 

FB_IMG_1