နေပြည်တော် ၂၂ မေ
ယနေ့ ညနေ ၄ နာရီ ၁၇ မိနစ်က ဂန့်ဂေါမြို့၏ အရှေ့-အရှေ့မြောက်ဘက် (၁၂)မိုင် ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး (၃.၂)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည်။
အဆိုပါငလျင်သည် မြောက်လတ္တီတွဒ် (၂၂.၂၀) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၃၂) ဒီဂရီ၊ အနက် (၂၃) ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့သည်။
MDN


