ဂန့်ဂေါ ၂၅ ဧပြီ

 

ဂန့်ဂေါမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းက ဧပြီ ၂၆ ရက်မှ ၂၈ ရက်အတွင်း မီးကြိုးလိုင်းများ ထိန်းသိမ်းပြုပြင်သွားမည်ဖြစ်ရာ နေရာအလိုက် မီးပိတ်မည့် အစီအစဉ်များကို ပြည်သူများသိရှိနိုင်ရန် ကြေညာထားလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ ကြေညာရာတွင် ဧပြီ ၂၆ ရက်နှင့် ၂၈ ရက်တို့တွင် နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီထိ ဂန့်ဂေါမြို့ပေါ် ရပ်ကွက်များ၊ အနောက်ဂန့်ဂေါ၊ ရှုံးရှီ၊ ပျား၊ ဇာဟော၊ လာပို့၊ အုပ်လှ၊ လုံဟော စသည့်ကျေးရွာများနှင့် မုံလယ်တောရကျောင်း တို့တွင်လည်းကောင်း၊ ဧပြီ ၂၇ ရက်တွင် နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီထိ စိုင်ဒူး၊ ရေရှင်စသည့် ကျေးရွာများနှင့် ရုံးဌာနဆိုင်ရာများတို့တွင် လည်းကောင်း ဓာတ်အားပိတ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

 

အဆိုပါ ဓာတ်အားပိတ်ထားသည့်အချိန်တွင် ဓာတ်အားလိုင်းနှင့် နီးကပ်နေသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ လိုင်းဟောင်းများပြုပြင်ခြင်း၊ ကြိုးလျှော့သောနေရာများ လိုင်းကြိုးတင်းခြင်း၊ ယိုင်နေ သော Single Tension တိုင်အား Tri- Pole Tension ဖြင့် ပြောင်းလဲတည်ဆောက်ခြင်းတို့ ဆောင်ရွက်ကြမည်ဖြစ်ကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

 

MDN