ဂန့်ဂေါ ၂၉ ဧပြီ
ဂန့်ဂေါမြို့နယ် ကျွန်းဒတ်ကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၏ မြစိမ်းရောင်စီမံကိန်းလုပ်ငန်း အတိုးရငွေကို မတည်၍ ကျေးရွာတွင်းလျှပ်စစ်မီးလင်းရေးလုပ်ငန်းကို ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
“ မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းများ ကျွန်းဒတ်ကျေးရွာမှာ ဆောင်ရွက်တာ ၃ နှစ်ကျော်ပါပြီ၊ အတိုးရငွေရဲ့ ၅၀ ရာခိုင်နှုန်းဖြစ်တဲ့ ကျပ် ၅၃ သိန်းကို မတည်ပြီးတော့ ကျေးရွာမီးလင်းရေးလုပ်ငန်း ဆောင်ရွက်တာပါ၊ ကျေးရွာတွင်း ဓာတ်အားလိုင်း ပေ ၁၃၂၀ သွယ်တန်းနိုင်ပါတယ်“ ဟု မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်မင်းထွန်းက ပြောသည်။
ထိုသို့ လုပ်ငန်းဆောင်ရွက်ရာတွင် ကျေးရွာနေပြည်သူများ ထည့်ဝင်ငွေ ကျပ် ၂၅၇ သိန်းဖြင့် ဓာတ်အား လိုင်း ၉၁၈၀ ပေ အပါအဝင် ဓာတ်အားလိုင်းသွယ်တန်းခြင်း ၁၀၅၀ဝ ပေကို တည်ဆောက်ထား သည်။ လုပ်ငန်းကို မတ် ၅ ရက်က စတင်ဆောင်ရွက်ခဲ့၍ ဧပြီ ၂၆ ရက်တွင် ပြီးစီးခဲ့ကြောင်း နှင့် ၃ မိုင်ဝေးကွာသည့် ကျော်ရွာမှ သွယ်တန်းရယူခြင်း ဖြစ်ကြောင်း ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN


